မင်းကင်းမြို့နယ် အန်အယ်လ်ဒီအမတ် ဒေါ်ခင်မွှေးလွင် ဖမ်းဆီးခံရ
DVB
·
May 31, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင်ကို မေလ ၃၀ ရက် မနေ့ည ၁၁ နာရီလောက်မှာ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားပါတယ်။
မုံရွာမြို့အထွက်က ရွှေတောင်ဦးဘက်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အခုဘယ်မှာဖမ်းဆီးထားတယ် ဘာအမှုနဲ့ ဖမ်းဆီးထားတယ်ဆိုတာ မသိရသေးဘူးလို့ မင်းကင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။