ထားဝယ်စီးပွားရေးဇုန်မှာ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ထောင်ဖို့ တိုက်တွန်း
DVB
·
November 20, 2013
သမ္မတဦးသိန်းစိန်ဟာ မြန်မာနိုင်ငံကို အလည်လာရောက်တဲ့ ဂျပန်နိုင်ငံ ကာနာဂါဝါ ပြည်နယ် အစိုးရအဖွဲ့နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးစဉ် ထားဝယ်အထူးစီးပွားရေးဇုန်မှာ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်တာ အပါအ၀င် အခြားလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
[caption id="attachment_46715" align="alignright" width="300"] ဂျပန်နိုင်ငံ ကာနာဂါဝါ ပြည်နယ် အစိုးရအဖွဲ့နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ - သမ္မတရုံးဝက်ဆိုဒ်)[/caption]
သမ္မတ ဦးသိန်းစိန် ၂၀၁၂ ခုနှစ် ဂျပန်ကို သွားခဲ့စဉ်တုန်းက ကာနာဂါဝါပြည်နယ် ယိုကိုဟားမားမှာ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်တဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံကို လေ့လာခွင့်ရခဲ့ပြီးတဲ့နောက် အခုလို တိုက်တွန်းလိုက်တာ ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ လပိုင်း ဂျပန်ဝန်ကြီးချုပ်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ မြန်မာနိုင်ငံကို အလည် လာရောက်ခဲ့ချိန်တုန်းကလည်း ထားဝယ် အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံကြဖို့ တိုက်တွန်းခဲ့ပေမယ့် အဖြေ တစုံတရာ မရရှိခဲ့ပါဘူး။