ကသာမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲဝင် ၄ ဦး သေဆုံး
DVB
·
May 30, 2021
စစ်ကိုင်းတိုင်း ကသာမြို့နယ် ရွှေပြည်သစ်နဲ့ ဟဲနားကျေးရွာအကြား ရွှေငှက်ချောင်းအနီးမှာ ဒီနေ့ မေ ၃၀ ရက်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးသွားပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသခံ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ ဒီနေ့ နေ့လယ်က တိုက်ပွဲဖြစ်ခဲ့တာပါ။ အဲဒီတိုက်ပွဲမှာ ကသာ PDF အဖွဲ့ဘက်ကလည်း ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။