DVB

Eng
TV News
  • သတင်း
    • ဓာတ်ပုံ
    • နိုင်ငံရေး
    • ရွေးကောက်ပွဲ
      • ၂၀၁၅ ရွေးကောက်ပွဲ
    • စီးပွားရေး
    • နည်းပညာ
    • ကျန်းမာရေး
    • ပညာရေး
    • လူမှုရေး
    • ဘာသာရေး
    • စစ်ရေး
    • အနုပညာ
    • မှုခင်း
    • အားကစား
    • သဘာဝပတ်ဝန်းကျင်/ရာသီဥတု
    • သတင်းမီဒီယာ
    • လယ်သမား
    • အလုပ်သမား
    • နိုင်ငံတကာ
    • တိုင်းရင်းသားရေးရာ
  • ဆောင်းပါး
    • သုံးသပ်ချက်
    • အာရှ​ဒေသ
  • အယ်ဒီတာအာဘော်
  • မေးမြန်းခန်း
  • ရင်ဖွင့်စာ
  • ငြိမ်းချမ်းရေး
  • ရွေးကောက်ပွဲ
DVB

Lead Story သတင်း သတင်းမီဒီယာ

သတင်းထောက်တွေရဲ့ ဓာတ်ပုံ ဖျက်ဆီးပြီး ခြိမ်းခြောက်တဲ့အပေါ် ဂျာနယ်လစ်ကွန်ရက် ရှုတ်ချ

  • By နော်နိုရင်း
  • 19 November 2013
  • Print
  • Email
    • Tweet

Email This Story :

  • Send Story

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်ရွာတောင်ဘက်မှာ ဆန္ဒပြနေတဲ့ ဒေသခံရွာသားနဲ့ လုံထိန်းရဲတပ်ဖွဲ့တွေအကြား ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး သတင်းသွားယူတဲ့ သတင်းထောက်တွေကို နယ်မြေခံရဲတွေက နိုင်ထက်စီးနင်း စစ်ဆေးပြီး သတင်းဓာတ်ပုံတွေကို ဖျက်ခိုင်းတဲ့အပေါ်  မြန်မာဂျာနယ်လစ်ကွန်ရက်အဖွဲ့က ပြစ်တင်ရှုတ်ချလိုက်ပြီး  ဒီကိစ္စကို အရေးယူဆောင်ရွက်ပေးဖို့  တောင်းဆိုလိုက်ပါတယ်။

MJNပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့က  လက်ပံတောင်းတောင် ဒေသမှာ  သတင်းသွားရောက် ယူခဲ့တဲ့ အာရှအလင်း သတင်းဂျာနယ်ရဲ့ သတင်းထောက် ဦးမျိုးမြင့်ဇော်နဲ့ ယူနတီ ဂျာနယ်ရဲ့ သတင်းထောက် ဦးကျော်နိုင်တို့ကို  ဒေသခံ လုံထိန်းရဲတွေရဲ့ ဆက်ဆံမှုအပေါ်  မြန်မာဂျာနယ်လစ်ကွန်ရက်အဖွဲ့က ကြေညာချက် ထုတ်ပြန် ကန့်ကွက်လိုက်တာ ဖြစ်ပါတယ်။

ဒီကိစ္စတွေကို နိုင်ငံတော်အကြီးအကဲတွေ သိအောင် ဒီနေ့ပဲ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ရဲချုပ်ဆီ လိပ်မူပြီး စာပို့သလို နိုင်ငံတော်သမ္မတရုံး ပြည်ထဲရေးဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီအစိုးရအဖွဲ့ကို မိတ္တူ ပေးပို့ခဲ့တယ်လို့ မြန်မာဂျာနယ်လစ်ကွန်ရက်အဖွဲ့ရဲ့အတွင်းရေးမှူးဦးမြင့်ကျော်က ပြောပါတယ်။
“ဦးသိန်းစိန်က မိန့်ခွန်းတွေမှာ တကြိမ်မက ပြောဖူးတယ်။ စတုတ္ထမဏ္ဍိုင်ကို သူတို့ အသိအမှတ်ပြုပါတယ်။ စတုတ္ထမဏ္ဍိုင် အခန်းကဏ္ဍက အရေးကြီးပါတယ်။ စတုတ္ထမဏ္ဍိုင်ကလည်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ကူညီကြပါဆိုပြီး ပြောဆိုထားတယ်။ အဲဒါက သမ္မတ ပြောဆိုချက်။ တကယ်လက်တွေ့ အောက်ခြေမှာ ဖြစ်ပျက်နေတာတွေက အဲဒါတွေနဲ့ မကိုက်တာတွေရှိတယ်။ အဲဒါ အစိုးရသိရအောင်၊ ဥပမာ- ၀န်ကြီးက မသိလည်း သိအောင်၊ ၀န်ကြီးက သိတယ်၊ သူသဘောတူထားတယ်ဆိုရင်လည်း သမ္မတ သိအောင် ပြောတာပါ။ ”

ယူနီတီဂျာနယ်က သတင်းထောက် ဦးကျော်နိုင်ကတော့      နိုဝင်ဘာ ၁၄ ရက်နေ့ညက ကြုံ တွေ့ခဲ့ရတာတွေနဲ့ ပတ်သက်ပြီး  အခုလို ပြန်ပြောပြပါတယ်။
“ဆည်တဲကျေးရွာနားက အင်ကြင်းတောင်မှာ သတင်းယူဖို့ သွားနေတဲ့ အချိန်မှာ ကျနော်တို့နဲ့ အတူတူရှိနေတဲ့ သတင်းထောက် ကိုမျိုးမြင့်ဇော်ဆီကို ဖုန်းဝင်လာတယ်။ မိုးကြိုးပြင်တောင်ရွာမှာ ရဲနဲ့ ဒေသခံတွေ အပြန်အလှန် လေးဂွတွေနဲ့ ပစ်ခတ် နေတယ်လို့ သတင်းဝင်လာတဲ့အတွက်ကို မိုးကြိုးပြင် တောင်ရွာထိပ်ကို သွားခဲ့ပါတယ်။ ကျနော်တို့ ရောက်ပြီး ၅ မိနစ်မှာ ရဲကားတွေ ရောက်လာတယ်။ ကားပေါ်က ရဲတွေ ခုန်ဆင်းတယ်။ ဒေသခံတွေကလည်း ပစ်တယ်။ ရဲတွေဘက်က ခါတိုင်း သတိပေးတာတွေ မရှိပဲနဲ့ ပစ် ပစ် ဆိုပြီး ချက်ချင်းပစ်ခတ်တာတွေ တွေ့ခဲ့ရတယ်။ ကျနော်တို့က သတင်းယူပြီး သူတို့ အပစ်အခတ် ရပ်နားချိန်မှာ လုံထိန်းရဲတွေ တပ်စွဲထားတဲ့ မုံရွာ-ပုသိမ် လမ်းမကြီးအတိုင်း ကျနော်တို့ ဖြတ်ပြန်တယ်ဗျ။ ရဲတွေရဲ့ အ၀ိုင်းအ၀န်း ရောက်သွားတဲ့အချိန်မှာ ကျနော်တို့ ဆိုင်ကယ်ကို တားတယ်။ ကားပေါ်မှာ ရှိတဲ့ ရဲအရာရှိတယောက်က အဲဒီ ကင်မရာတွေ ရိုက်ခွဲပစ်ကွာဆိုတဲ့ အမိန့်ပေး တယ်။ မီဒီယာတွေ မှန်းသိရက်နဲ့ ဆဲတာတွေ ရိုင်းရိုင်းပြပြ ဆက်ဆံတယ်။ ကျနော်တို့ ကင်မရာတွေကို တောင်းတယ်။ ကင်မရာမပေးတော့ မန်မိုရီ ကတ်ကို တောင်းတယ်။ ကတ်ကို မပေးတော့ အဲဒီညမှာ ရိုက်ထားတဲ့ မှတ်တမ်းဓာတ်ပုံတွေကို ဖျက်ပေးလိုက်ရတယ်။ ကျနော်တို့ တည်းခိုတဲ့ နေရာတွေကို စစ်ဆေးတာတွေ၊ ဆိုင်ကယ်တွေကို စစ်ဆေးတာတွေ ကျနော်တို့ကို တရားခံတယောက်လို ဆက်ဆံသလိုမျိုး ဆက်ဆံတာတွေ ကျနော်တို့ ကြုံတွေ့ရတယ်။ သူတို့ ကျေနပ်ပြီဆိုမှ အဲဒီနေရာကနေ ထွက်ခွာလာရတယ်။”

အစိုးရအနေနဲ့  ဒီမိုကရေစီလမ်းစဉ်ကို သွားနေပါပြီဆိုရင် သတင်းသမားတွေ လွတ်လွတ်လပ်လပ် သတင်းယူနိုင်အောင်၊ သတင်းအမှန်တွေ ချပြနိုင်အောင် မီဒီယာတွေကို ကာကွယ်ပေးဖို့နဲ့ မီဒီယာသုံးပစ္စည်းတွေကို  ကာကွယ်ပေးဖို့ လိုတယ်လို့ ဦးကျော်နိုင်က ပြောပါတယ်။

မြန်မာ ဂျာနယ်လစ်ကွန်ရက်ကတော့ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ပြည်ထဲရေး ၀န်ကြီးဌာနအနေနဲ့ စုံစမ်းစစ်ဆေးပြီး တရားဥပဒေစိုးမိုးမှုရှိရေးနဲ့ သတင်းလွတ်လပ်စွာ ရယူခွင့်ကို အသိအမှတ်ပြုဖို့ လိုအပ်တဲ့ဆောင်ရွက်မှုတွေကို ပြုလုပ်ပေးဖို့လည်း တောင်းဆို ထားပါတယ်။

  • Previous story e-ပင်စင်ကတ် မထုတ်ရသေးတဲ့ ပင်စင်စား ၁သိန်းနီးပါး လာထုတ်ဖို့ နှိုးဆော်
  • Next story ABSDF နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကိုယ်စားလှယ်တို့ နေပြည်တော်မှာ တွေ့မည်
  • Facebook

    Facebook

    Jobs at DVB

    Ethnic

    သုတကဖေး

    DVB SMS

  • သတင်းဓာတ်ပုံ

    • gallery

      ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ် သိပ္ပံပွဲခင်းကျင်းပနေ

  • DVBSatellite

    DVB LAW LAB

    Movie Crazy

    Talk to DVB

  • Most Popular

    • Viewed
    • Comments
    • Recent
    • 01 ဂျီနိုစိုက်အရေး အဖြေရှာတွေ့ပြီ 
    • 02 ICJ တရားရုံးတွင် ပါမောက္ခ မစ္စ ဖိုဘီအိုကိုဝါ၏ ထွက်ဆိုချက်
    • 03 ဝီဂါကလေးများကို အကြမ်းဖက်တိုက်ခိုက်နည်း သင်တန်းပေး (ရုပ်သံ)
    • 04 လူမျိုးတုံးသတ်ဖြတ်ခြင်းမရှိဟု ICJ တရားရုံး၌ ဒေါ်အောင်ဆန်းစုကြည် လျှောက်လဲ
    • 05 ကြားဖြတ်တားဆီးမိန့်ချမှတ်ပေးရန်  ICJ ထံ ဂမ်ဘီယာနိုင်ငံ၏ ပန်ကြားချက် (၅) ချက် 
    • 01 ရင်ဖွင့်စာ
    • 02 ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းဖွံ့ဖြိုးရေး စုပေါင်းကြိုးပမ်းရန် သမ္မတ တိုက်တွန်း
    • 03 မီးရှို့သတ်ခံရသည့် အမျိုးသမီးအရေး နယူးဒေလီတွင် ချီတက်ဆန္ဒပြ
    • 04 ရသေ့တောင်တွင် တပ်မတော်နှင့်အေအေ နှစ်ရက်ဆက် တိုက်ပွဲပြင်းထန်၊ ဒေသခံများ ထွက်ပြေး
    • 05 နယူးဇီလန်တောင်ပိုင်း အရေးပေါ်အခြေအနေ ထုတ်ပြန်၊ ကမ်းပါးတခု ကြောက်မက်ဖွယ်ပြိုကျ (ရုပ်သံ)
    • 01 ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းဖွံ့ဖြိုးရေး စုပေါင်းကြိုးပမ်းရန် သမ္မတ တိုက်တွန်း
    • 02 လက်ဘနွန်လုံခြုံရေးတပ်ဖွဲ့က ဆန္ဒပြသူများကို မျက်ရည်ယိုဓာတ်ငွေ့ဖြင့် ဖြိုခွဲ
    • 03 တံတားဦးလေဆိပ်ကားပါကင်၌ ကားခိုးသွားသူ ၂ ဦးကို ဖမ်းမိ
    • 04 အပူလှိုင်းနှင့် လေပြင်းများကြောင့် သြစတြေးလျ ကမ်းရိုးတန်း တောမီး ပိုမိုဆိုးရွား
    • 05 အိန္ဒိယ-မြန်မာ လမ်းဖောက်မှု မြေယာလျော်ကြေး သိန်း ၁ သောင်းခွဲခန့် ပေးအပ်
  • DVB
  • Facebook
  • Live
  • Audio
  • Video
  • သတင်း
  • နိုင်ငံရေး
  • စီးပွားရေး
  • လူမှုရေး
  • ကျန်းမာရေး
  • ဘာသာရေး
  • ပညာရေး
  • အလုပ်သမား
  • လယ်သမား
  • အနုပညာ
  • စစ်ရေး
  • မှုခင်း
  • နိုင်ငံတကာ
  • သတင်း
  • အာရှဒေသ
  • အားကစား
  • ဆောင်းပါး
  • ရေဒီယို
  • DVB Radio Daily
  • Ethnic Radio
  • မေးမြန်းခန်း
  • လွှတ်တော်ရေးရာ
  • သုံးသပ်ချက်
  • သတင်းတို
  • Privacy Policy
  • Contact

© Copyright 2013 DVB.