Home
မြန်မာသတင်း
မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်းအား ဖြိုခွင်းပြီး သံဃာတော်များကို ရိုက်နှက်ဖမ်းဆီး
DVB
·
May 28, 2021
189819886_1389533661432450_8500960974695803465_n

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် လမ်း ၃၀၊ ၈၃ လမ်းနဲ့ ၈၄ လမ်းကြားမှာ မေလ ၂၈ ရက်နေ့ ညနေပိုင်းက မန္တလေး သံဃသမဂ္ဂသပိတ်စစ်ကြောင်းကို စစ်ကောင်စီရဲ့လက်နက်ကိုင်အဖွဲ့တွေက အကြမ်းဖက် ဖြိုခွင်းဖမ်းဆီးသွားပါတယ်။

စစ်ကြောင်းထွက်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ ကားနဲ့တိုက်ပြီး ဖြိုခွင်းတာဖြစ်ကာ စစ်ကြောင်းမှာပါတဲ့ သံဃာတော် ၅ ပါးလောက်နဲ့ လူပုဂ္ဂိုလ် ၁ ဦးကို ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

မန္တလေး သံဃသမဂ္ဂသပိတ်စစ်ကြောင်းဟာ အတားအဆီးတွေ ဘယ်လိုရှိရှိ နေ့စဉ်မပြတ်ချီတက်နေတဲ့ စစ်ကြောင်းတစ်ခုဖြစ်ပြီး ပြည်သူပြည်သားတွေ ဆင်းရဲဒုက္ခအပေါင်းက အမြန်လွတ်မြောက်စေဖို့ ပရိတ်ရွတ် မေတ္တာပို့တာတွေကို နေ့စဉ် လုပ်လေ့ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024