ရုရှားတွင် လေယာဉ်ပျက်ကျ၊ လူ ၅၀ သေဆုံး

ရုရှားနိုင်ငံမှာ မနေ့က ဘိုးရင်း ၇၃၇ လေယာဉ် ပျက်ကျပြီး လေယာဉ်ပေါ်မှာ လိုက်ပါလာသူ အားလုံး သေဆုံးသွားပါတယ်။ ရုရှားနိုင်ငံက မော်စကိုမြို့ ဒိုမိုဒီဒိုဗို (Domodedovo)  အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ပျံတက်သွားပြီး ၁ နာရီကျော် ကြာတဲ့အချိန် ကာဇန်မြို့လေဆိပ်ကို ဒုတိယအကြိမ် ဆင်းသက်ဖို့ ကြိုးစားချိန်မှာ ပျက်ကျခဲ့တာဖြစ်ပြီး ခရီးသည် ၄၄ ယောက်နဲ့ လေယာဉ်အမှုထမ်း ၆ ဦး စုစုပေါင်း ၅၀ ဦး သေဆုံးခဲ့ပါတယ်။ Handout photo of Russian Emergencies Ministry members and firefighters working at the site of a Tatarstan Airlines Boeing 737 crash at Kazan airportလေယာဉ်ဟာ သက်တမ်း ၂၃ နှစ်ရှိပြီ ဖြစ်ပြီး ဒေသခံ လေကြောင်းလိုင်းတခုဖြစ်တဲ့ တာတာစတန် (Tatarstan) လေကြောင်းလိုင်းမှာ ပျံသန်းနေတာ ဖြစ်ပါတယ်။ မျက်မြင်တွေရဲ့ အဆိုအရ လေယာဉ်ဟာ ရုတ်တရပ် ထိုးကျလာပြီး လေယာဉ်ပြေးလမ်းပေါ်အကျမှာ ဆီကန်ပေါက်ကွဲ မီးလောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ သေဆုံးသွားသူတွေထဲမှာ တာတာစတန်ပြည်နယ်ရဲ့ဝန်ကြီးချုပ်နဲ့ ထောက်လှမ်းရေး အကြီးအကဲရဲ့ သားတဦးလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ ကာဇန်မြို့ဟာ မွတ်စလင်အများစု နေထိုင်တဲ့မြို့ဖြစ်ပြီး ရေနံအများအပြားထွက်တဲ့ တာတာစတန်ပြည်နယ်ရဲ့ မြို့တော်ဖြစ်ပါတယ်။ တကမ္ဘာလုံးရဲ့ လေကြောင်းအန္တရာယ် ကင်းရှင်းရေးအဆင့်ဟာ တိုးတက်နေပေမယ့်လည်း ရုရှားနိုင်ငံနဲ့ လက်အောက်ခံနိုင်ငံတွေရဲ့ ဒေသဆိုင်ရာ လေကြောင်းလိုင်းတွေရဲ့ လေကြောင်းအန္တရာယ် ကင်းရှင်းရေးမှတ်တမ်းတွေကတော့ မီးမောင်းထိုးပြစရာ ဖြစ်နေပါတယ်။ ၂၀၁၂ ဧပြီလမှာ ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားမှာ လေယာဉ်ပျက်ကျခဲ့လို့ ၃၁ ဦး သေဆုံးခဲ့ပြီး ၂၀၁၁ စက်တင်ဘာလမှာလည်း ယာယိုဆလက်ဗ် (Yaroslavl) မြို့မှာလည်း လေယာဉ်ပျက်ကျခဲ့တာကြောင့် ခရီးသည် ၄၄ ဦး သေဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up