Home
မြန်မာသတင်း
စစ်တပ်ပစ်ခတ်မှုကြောင့် မကွေးမြို့က ခွဲစိတ်ဆရာဝန် ညာဘက်မျက်လုံးဆုံးရှုံး
DVB
·
May 27, 2021
186489925_2591642267803885_6958330190071723170_n

မကွေးမြို့ သင်ကြားရေးဆေးရုံက ခွဲစိတ်ဆရာဝန်တစ်ဦးဟာ မေ ၂၆ ရက်နေ့ ညပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် ညာဘက်မျက်လုံး တစ်ဖက်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

မကွေးမြို့ နတ်မောက်လမ်း လွှတ်တော်ရုံးရှေ့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်လို့ ခွဲစိတ်ဆရာဝန် ဒေါက်တာဇရှိန်းရဲ့ ညာဘက်မျက်လုံးတစ်ဖက်ဆုံးရှုံးခဲ့တာလို့ ဆေးရုံဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

ဒေါက်တာ ဇရှိန်းဟာ CDM လှုပ်ရှားမှုမှာ ပါဝင်ခြင်းမရှိဘဲ မြို့ထဲကနေ ဆေးရုံ ဝန်ထမ်းအိမ်ရာကို ပြန်အလာ လွှတ်တော်ရှေ့က အတားအဆီးတွေ ဝင်တိုက်မိပြီး စစ်တပ်က ရပ်ခိုင်းတာ မရပ်ပေးတာကြောင့် ပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

အဲဒီခွဲစိတ်ဆရာဝန်ကို မကွေးစစ်ဆေးရုံကနေ နေပြည်တော်ကို လွှဲပြောင်းပေးလိုက်တယ်လို့ သင်ကြားရေးဆေးရုံဝန်ထမ်းတွေဆီကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024