Home
သတင်းတို
၃ ရက်အတွင်း ကုမ္ပဏီ မှတ်ပုံတင် ထုတ်ပေးမည်
DVB
·
November 18, 2013
လာမယ့် နိုဝင်ဘာ ၂၅ ရက်နေ့က စပြီး ကုမ္ပဏီ မှတ်ပုံတင်လက်မှတ် ထုတ်ပေးတာကို ၃ ရက်နဲ့အပြီး ထုတ်ပေးတော့မယ်လို့ ပုဂ္ဂလိက ကဏ္ဍ ပြောင်းလဲ ဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီက ကြေညာပါတယ်။ commerceလက်ရှိ အချိန်အထိကတော့ ကုမ္ပဏီ တည်ထောင်ခွင့် လျှေက်ထားသူတွေဟာ လျှောက်ပြီး ၁ ရက်အတွင်း ယာယီ ကုမ္ပဏီမှတ်ပုံတင် ရရှိကာ အချိန် ၂ လ ကြာမှ ကုမ္ပဏီ မှတ်ပုံတင်ကဒ်ပြား ရရှိကြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဟာ ကုမ္ပဏီ မှတ်ပုံတင်ရာမှာ ကနဦး မတည်ငွေစာရင်း သတ်မှတ်ထားချက်ကို ပယ်ဖျက်ပေးခဲ့ပါသေးတယ်။ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကတော့ ကုမ္ပဏီ မှတ်ပုံတင်လိုသူတွေ အချိန် ကြန့်ကြာတာကို လျော့ချနိုင်ဖို့အတွက် ခုလို ဖြေလျော့ပေးခဲ့တာလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024