ဖွဲ့စည်းပုံ ဆန္ဒသဘောထားခံယူပွဲ လူထု ၂ သောင်း တက်ရောက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထားရယူရေး လူထု ဟောပြောပွဲကို ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်ခဲ့ကြရာ လူထု ၂ သောင်းတက်ရောက်ခဲ့ပါတယ်။ ဒီပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်မိန့်ခွန်း ပြောဆိုခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီး တက်ရောက်သူ လူ ၂ သောင်းထဲက ၈၈ ရာခိုင်းနှုန်းဟာ ပြင်ဆင်ဖို့ မဲပေးကြတယ်လို့ အခမ်းအနားတက်ရောက်တဲ့ ရှေ့နေ ဦးအောင်သိန်းက ဒီဗွီဘီကို ပြောပါတယ်။ ပြီးခဲ့တဲ့ အပတ်ကလည်း အန်အယ်ဒီပါတီရဲ့ ရန်ကုန်တိုင်းလုံးကျွတ် ပြည်သူ့ဆန္ဒရယူပွဲ ပြုလုပ်ခဲ့ပြီး အများစုက ဖွဲ့စည်းပုံပြင်ဖို့ ဆန္ဒပေးခဲ့ကြပါတယ်။[gallery ids="46626,46627,46628,46629,46630,46631"]

More News
Up