Sunday, May 28, 2023
HomeLead Storyဖျာပုံမြို့နယ် ဒေါ်ညိမ်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ဒုတိယအကြိမ် ဗုံးပေါက်ကွဲ

ဖျာပုံမြို့နယ် ဒေါ်ညိမ်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ဒုတိယအကြိမ် ဗုံးပေါက်ကွဲ

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်က ဒေါ်ညိမ်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ မေလ ၂၆ ရက်နေ့က ဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့ပါတယ်။

ဒီမနက် ၁၀ နာရီကျော်လောက်မှာ အုပ်ချုပ်ရေးမှူးရုံးထဲမှာ  ဗုံးပေါက်ကွဲသံကြားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရ ပျက်စီးမှုအခြေအနေကို အတည်ကျမသိရသေးပါဘဲ စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေ  ရောက်ရှိစစ်ဆေးနေပါတယ်။

ဒေါ်ညိမ်းကျေးရွာမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေလက်မခံသူကို စစ်ကောင်စီက အုပ်ချုပ်ရေးမှူးအဖြစ်ခန့်အပ်ထားတယ်လို့  ဒေသခံတွေကပြောပါတယ်။

ဗုံးပေါက်ကွဲခဲ့တဲ့ ဒေါ်ညိမ်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ မေလ ၂၀ ရက်နေ့ကလည်း ဗုံးပေါက်မှုဖြစ်ပွားခဲ့ပြီး ခုအကြိမ်က ဒုတိယအကြိမ်ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular