Monday, May 29, 2023
HomeLead Storyယင်းမာပင်မြို့နယ်က လူနေအိမ်အချို့ကို စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီး

ယင်းမာပင်မြို့နယ်က လူနေအိမ်အချို့ကို စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီး

စစ်ကိုင်းတိုင်း‌ဒေသကြီး ယင်းမာပင်မြို့နယ်၊ တရော်ကျင်းကျေးရွာက အပြစ်မဲ့ကျေးရွာသားတွေရဲ့ နေအိမ်တွေကို အကြမ်းဖက် စစ်ကောင်စီတပ်တွေက ဒီကနေ့ မနက်ပိုင်း ဝင်ရောက်ဖျက်ဆီးသွားတယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။

“ဘာကြောင့်ဖျက်ဆီးတယ်လို့တော့ မသိဘူးဗျ။ ပြည်သူရဲ့အသက်အိုးအိမ်စည်စိမ်ကို ကာကွယ်ရမယ့်သူတွေက ပြည်သူတို့ရဲ့ အိုးအိမ်စည်းစိမ်ကို ခိုးယူ လုယက်ရုံမျှမက ဖျက်ဆီးနှောင့်ယှက်နေတာဟာ အကြမ်းဖက်အဖွဲ့အစည်းလို ဖြစ်နေတယ်။ ဒီကောင်တွေကိုမြင်ရင် ရွံမုန်းကြီးကို ဖြစ်နေပြီ” လို့ တရော်ကျင်းဒေသခံတစ်ဦးက ပြောပါတယ်။

တရော်ကျင်းကျေးရွာဟာ ယင်းမာပင်မြို့နဲ့ ကနီမြို့နယ်ချင်း ကပ်လျက်ရှိနေတဲ့ ကျေးရွာတရွာဖြစ်ပြီး ကနီမြို့ဘက်မှာလည်း ဧပြီလ ၁၅ ရက်နေ့က အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူတွေ ပစ်ခတ်မှုဖြစ်ပြီး ပြည်သူ ၆ ဦးကျဆုံးခဲ့တဲ့ရွာနဲ့ နီးတယ်လို့ သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular