Thursday, June 8, 2023
HomeLead Storyဂန့်ဂေါပညာရေးဝန်ထမ်းပေါင်း ၉၀၀ ကျော်ကို တာဝန်ကနေ ယာယီရပ်ဆိုင်း

ဂန့်ဂေါပညာရေးဝန်ထမ်းပေါင်း ၉၀၀ ကျော်ကို တာဝန်ကနေ ယာယီရပ်ဆိုင်း

ဂန့်ဂေါမြို့နယ်ထဲက ဆရာ ဆရာမတွေနဲ့ ပညာရေးဝန်ထမ်းပေါင်း ၉၀၀ ကျော်ကို စစ်ကောင်စီက တာဝန်ကနေ ယာယီရပ်ဆိုင်းလိုက်ပါတယ်။

ခွင့်စည်းကမ်းကို ဖောက်ဖျက်တာ၊ လုံလောက်တဲ့အကြောင်းပြချက်မရှိဘဲ တာဝန်ချိန်ပျက်ကွက်တာတွေကြောင့်ဆိုပြီး အထက်တန်း၊ အလယ်တန်းနဲ့ မူလတန်းပြညဆရာ၊ ဆရာမတွေနဲ့ ပညာရေးဝန်ထမ်း ၉၄၈ ယောက်ကို စစ်ကောင်စီလက်အောက် အလုပ်လုပ်နေတဲ့ပညာရေးမှူးက မေ ၇ ရက်က စာထုတ်ပြီး တာဝန်ကနေ ယာယီရပ်ဆိုင်းတာပါ။

စစ်ကောင်စီလက်အောက် အလုပ်မလုပ်ချင်လို့ စစ်တပ်အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းတွေဟာ CDM မှာပါဝင်နေကြပြီး စစ်ကောင်စီကလည်း တချို့ဝန်ထမ်းတွေကို တာဝန်ကနေ ယာယီရပ်ဆိုင်းတာ၊ တချို့ဝန်ထမ်းတွေကို ရာထူးကနေ ရပ်ဆိုင်းတာ၊ တချို့ဝန်ထမ်းတွေကို ဝန်ထမ်းအဖြစ်ကနေ လုံးဝ ထုတ်ပစ်တာမျိုး လုပ်နေပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular