ဂျပန်ရောက်မြန်မာလူငယ်တွေဟာ တိုကျိုမြို့မှာ မေ ၂၂ ရက်က အာဏာဖီဆန်ရေးလုပ်နေတဲ့ CDM ဝန်ထမ်းတွေအတွက် လက်ကမ်းစာစောင်ဝေတဲ့ ကမ်ပိန်းကို မနက်ပိုင်းနဲ့ ညနေပိုင်း နှစ်ချိန်ခွဲပြီး ပြုလုပ်ခဲ့ပါတယ်။
အာကဘာနီဘူတာ၊ မြောက်ဘက်ဝင်ပေါက် (Akabane station , North Exit) အနီးမှာ စစ်အာဏာရှင်ကြောင့် မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဂျပန်နိုင်ငံနဲ့ တစ်ကမ္ဘာလုံးက ပိုပြီးသိနိုင်အောင် လူငယ်တွေက ကြိုးစားခဲ့တာပါ။
မြန်မာနိုင်ငံက CDM ဝန်ထမ်းတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အလှူငွေကောက်ခံ တာတွေလည်း လုပ်ခဲ့ပြီး ခိုင်မာတဲ့ ရင်းမြစ်တွေကို ဆက်သွယ်လှူဒါန်းမယ်လို့ လူငယ်တွေက ပြောပါတယ်။
ဂျပန်နိုင်ငံ တိုကျိုမြို့ရဲ့ လူစည်ကားတဲ့နေရာတွေမှာ မြန်မာ့အရေး လက်ကမ်းစာစောင်တွေကို လူငယ်တွေက အပတ်စဉ် စနေနေ့တိုင်း ဝေငှပေးနေတာပါ။
News/Photo - Thiha Phay Aung