DVB Logo
Home
မြန်မာသတင်း
ပြည်သူများ၏ဖုန်းကို ခြေရာခံပြီး လူ့အခွင့်အရေးချိုးဖောက်မှု ဆန့်ကျင်ရန် NUG ဝန်ကြီး တိုက်တွန်း
DVB
·
May 22, 2021
ပြည်သူများ၏ဖုန်းကို ခြေရာခံပြီး လူ့အခွင့်အရေးချိုးဖောက်မှု ဆန့်ကျင်ရန် NUG ဝန်ကြီး တိုက်တွန်း
Donate to DVB

အာဏာသိမ်းစစ်ကောင်စီက ပြည်သူတွေရဲ့ဖုန်းဆက်သွယ်မှုကို ခြေရာခံပြီး လူ့အခွင့်အရေးချိုးဖောက်နေတာကို ဆန့်ကျင်ကြဖို့ ဆက်သွယ်ရေးအော်ပရေတာတွေကို NUG လူ့အခွင့်အရေးဝန်ကြီးက တိုက်တွန်းလိုက်ပါတယ်။ 

စစ်ကောင်စီက ဆက်သွယ်ရေးအော်ပရေတာတွေကို ထိန်းချုပ်ပြီး ပြည်သူတွေရဲ့ဖုန်းဆက်သွယ်မှုလမ်းကြောင်းတွေကို ခြေရာခံနေတယ်လို့ Justice For Myanmar အဖွဲ့က အချက်အလက်တွေနဲ့ထုတ်ပြန်ပါတယ်။ 

မြန်မာနိုင်ငံမှာ ဈေးကွက်အများဆုံးရထားတဲ့ MPT ရဲ့ မိတ်ဖက်ဂျပန်ကုမ္ပဏီတွေဖြစ်တဲ့ KDDI နဲ့  Sumitomo Corp တို့ဟာ စစ်ကောင်စီကို မလွန်ဆန်နိုင်ဘဲ ပြည်သူတွေရဲ့ သတင်းအချက်အလက်တွေကို ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ 

နိုင်ငံတကာကုမ္ပဏီတွေဖြစ်တဲ့ တယ်လီနောနဲ့ အော်ရီဒူးတို့ဟာလည်း စစ်ကောင်စီကို မလွန်ဆန်နိုင်တဲ့ အခြေအနေမျိုးကြုံတွေ့နေရပါတယ်။ 

နိုင်ငံတကာကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့မိခင်နိုင်ငံတွေမှာ ကျင့်သုံးသလို ပြည်သူတွေရဲ့ အခြေခံရပိုင်ခွင့် လူ့အခွင့်အရေးကို ကိုင်စွဲပြီး စစ်ကောင်စီကို ဆန့်ကျင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက တိုက်တွန်းလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ဆက်သွယ်ရေးအော်ပရေတာတွေက ပြည်သူကို ခြေရာခံစောင့်ကြည့်နိုင်တဲ့ နည်းပညာတွေကို စစ်ကောင်စီကို ပေးအပ်တာဟာ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်ရတဲ့ အခြေအနေဖြစ်တယ်လို့ Justic For Myanmar အဖွဲ့က ပြောပါတယ်။ 

စစ်အာဏာရှင်ကို ဆန့်ကျင်နေတဲ့ CDM ဝန်ထမ်းတွေ၊ သပိတ်မှောက်ပြည်သူတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေအတွက် အန္တရာယ်ပိုများလာပါတယ်။ 

စစ်ကောင်စီရဲ့လုပ်ရပ်ကို မလွန်ဆန်ပါက ဆက်သွယ်ရေးအော်ပရေတာတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုမှာ ကြံရာပါဖြစ်လာမယ်လို့ အသံအဖွဲ့တည်ထောင်သူ ကိုရဲဝေဖြိုးအောင်က ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ MPT၊ Telenor နဲ့ Ooredoo တို့ကို Email ပို့ပြီးဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေးမယ့် အော်ပရေတာတွေဘက်က တုံ့ပြန်တာမရှိသေးပါဘူး။ 

လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေကတော့ ပြည်သူတွေအနေနဲ့  ကိုယ့်ရဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေအားလုံးကို သတိထားဖို့ လိုအပ်ပြီး အရေးပေါ်ကိစ္စတွေ ဆက်သွယ်ပြောဆိုတဲ့အခါ လုံခြုံရေးကို အလေးထားဖို့ တိုက်တွန်းပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013