ဧရာဝတီတိုင်း ပုသိမ်မြို့မှာ မေ ၂၂ ရက် နေ့လယ်က အာဏာသိမ်းစစ်ကောင်စီတပ် လုံခြုံယူထားတဲ့ လေယာဉ်ကွင်းဘေး ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ပုသိမ် - ရန်ကုန်ကားလမ်းမကြီးဘေးက လေယာဉ်ကွင်းနားမှာ နေ့လယ် ၂ နာရီကျော်လောက်က ပေါက်ကွဲတာလို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးပေါက်ကွဲပြီး မိနစ်ပိုင်းအကြာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေ ရောက်လာပြီး ပိတ်ဆို့စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ပုသိမ်မြို့မှာ ဒီနေ့ မွန်းတည့် ၁၂ နာရီကျော်လောက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အခုပေါက်ကွဲမှုဟာ ဒုတိယအကြိမ်ဖြစ်တာပါ။
ဧရာဝတီတိုင်းမှာ မေလထဲ ဗုံးပေါက်ကွဲမှု ၅ ကြိမ်ထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။