DVB Logo
Home
မြန်မာသတင်း
KNPP နှင့် စစ်ကောင်စီတပ်များကြား စစ်ရေးတင်းမာလာနိုင်
DVB
·
May 22, 2021
KNPP နှင့် စစ်ကောင်စီတပ်များကြား စစ်ရေးတင်းမာလာနိုင်
Donate to DVB

အပစ်ရပ်သဘောတူစာချုပ်ကို ချိုးဖောက်ပြီး နယ်မြေတိုးချဲ့မှု၊ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်လာတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့တပ်တွေနဲ့ ကရင်နီအမျိုးသားတိုးတတ်ရေးပါတီ KNPP တို့ကြား စစ်ရေးတင်းမာလာနိုင်တယ်လို့ KNPP တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ က ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့  ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်သဘောတူညီစာချုပ် ချုပ်ဆိုခဲ့တာပါ။

အာဏာသိမ်းစစ်ကောင်စီဟာ KNPP ထိန်းချုပ်နယ်မြေထဲကို မောင်းသူမဲ့လေယာဉ်နဲ့ စုံစမ်းထောက်လှမ်းမှုတွေ လုပ်ဆောင်ပြီး မြေပြင်စစ်ရေးလှုပ်ရှားမှုတွေလည်း လုပ်ဆောင်လာတာ ကြောင့် မေ ၁၉ ရက်ကစပြီး စစ်ကောင်စီနဲ့ KNPP တို့ တိုက်ပွဲတွေပြန်လည်ဖြစ်ပေါ်လာတာပါ။

  အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်အဖွဲ့ရဲ့ ဒီးမော့ဆိုမြို့နယ် ထူလွီးဘီလာဂိတ်ကို  KNPP တပ်ဖွဲ့က မေ ၂၁ ရက် ညနေ ၆ နာရီလောက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး  ဒီကနေ့အထိ  တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ 

စစ်ကောင်စီဘက်က KNPP နယ်မြေထဲကို စစ်အင်အားတိုးချဲ့တာတွေဆက်လက် လုပ်ဆောင်လာတာကြောင့် ပြည်သူတွေ ထိခိုက်မှုမရှိအောင် KNPP ဘက်က ပြင်ဆင် ဆောင်ရွက်နေပြီး ခုခံစစ်ဆောင်ရွက်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013