Home
မြန်မာသတင်း
မြိုင်အခြေခံပညာသပိတ်ကော်မတီနှင့် ပြည်သူအင်အားထောင်ချီ ဆန္ဒပြ
DVB
·
May 22, 2021
186546298_2588380234796755_3120380347965393929_n
186544584_2588380004796778_4717385251088140196_n
185903099_2588380151463430_1564189406699600045_n
185506126_2588379781463467_2768863932936961653_n
185280200_2588379858130126_3833913516121576325_n

မြိုင်မြို့နယ်မှာ အခြေခံပညာ အထွေထွေသပိတ်ကော်မတီနဲ့ ဒေသခံပြည်သူတွေပူးပေါင်းပြီး မေ ၂၂ ရက်နေ့မနက်ပိုင်းက စစ်ကျွန်ပညာရေးစနစ်အလိုမရှိကြောင်းနဲ့ စစ်အာဏာရှင်ပြုတ်ကျရေး လူအင်အား ထောင်နဲ့ချီ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

အခြေခံပညာ အထွေထွေသပိတ်ကော်မတီကို မေလ ၁၈ ရက်နေ့က စတင်ဖွဲ့စည်းတာဖြစ်ပြီးတော့ စစ်အာဏာရှင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်ရေးအတွက် မြန်မာ့ဒီမိုကရေစီအရေးတ က်ကြွလှုပ်ရှားသူတွေနဲ့ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

CDM သပိတ် လက်နက်စွဲကိုင်ပြီးတော့ စစ်အာဏာရှင်ပြုတ်ကျတဲ့အထိ ဆက်လက်တိုက်ပွဲဝင်မယ့်အပြင် မြိုင်မြို့နယ်အတွင်းက CDM တိုက်ပွဲဝင်နေကြတဲ့ ပညာရေးဝန်တွေကို ထိရောက်တဲ့ အကူညီတွေပေးပြီး အခက်ခဲတွေကို ဖြေရှင်းပေးသွားမယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024