ကလေးခရိုင်တရားရုံး မီးလောင်
DVB
·
May 22, 2021
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်မှာရှိတဲ့ ခရိုင်/မြို့နယ်တရားရုံးမှာ မေ ၂၂ ရက် မနက် ၅ နာရီလောက်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အခုမီးလောင်တာဟာ ခရိုင်နဲ့မြို့နယ်တွဲထားတဲ့ တရားရုံးဖြစ်ပြီး အတွင်းရှိ သက်သေခံပစ္စည်းတွေ၊ ဆိုင်ကယ်တွေ မီးလောင်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။