Home
မြန်မာသတင်း
နန်စီပွန်တွင် ကေအိုင်အေနှင့်စစ်ကောင်စီတပ်တိုက်ပွဲဖြစ်၊ ဦးပိုင်ကုမ္ပဏီ ပစ်ခတ်ခံရပြီးမီးလောင်
DVB
·
May 22, 2021
189133519_2840117349636503_1818024569428384484_n
၁၁

စစ်ကိုင်းတိုင်း ခန္တီးမြို့နယ် နန်စီပွန်ဒေသမှာ ကေအိုင်အေ နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့ မေ ၂၂ ရက်နေ့ မနက် ၄ နာရီခွဲလောက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“အခုတိုက်ပွဲဖြစ်နေတာပါ နန်းစီ၊ပွန်မှာ ဒီမနက်အစောပိုင်း ၄ နာရီလောက် သေနတ်သံ၊ လက်နက်ကြီးအသံကြားတယ်။ ဦးပိုင်ကုမ္ပဏီကို ဝင်စီးတယ်။ အဲဒီကုမ္ပဏီကို ဒီမနက်အစောပိုင်း ဝင်ပစ်ခဲ့တယ်။ ကုမ္ပဏီက မီးလောင်သွားတယ်။ အသေအပျောက်တော့ မသိရသေးဘူး။"

ခန္တီးမြို့ နန်းစီပွန်ဒေသမှာ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီက ကျောက်စိမ်းလုပ်ငန်းလုပ်ကိုင်နေပြီး ကျန်တဲ့ကျောက်စိမ်းလုပ်တဲ့ ကုမ္ပဏီတွေ ၁၀၀ လောက်ရှိနေပါတယ်။ 

တိုက်ပွဲဖြစ်တဲ့ နန်းစီပွန်ဒေသဟာ ခန္တီးနဲ့ မိုင် ၃၀ လောက်သာ ကွာဝေးတဲ့အတွက် ခန္တီးဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024