ချီဖွေမြို့နယ်က ကချင်စစ်ဘေးရှောင်ပြည်သူအချို့ နေရပ်ပြန်

ကချင်ပြည်နယ်၊ ချီဖွေမြို့မှာ ခိုလှုံနေတဲ့ စစ်ရှောင်ပြည်သူတချို့ဟာ သူတို့ရဲ့ရွာမှာ နေအိမ်တွေ ဆောက်လုပ်ပြီးစီးသွားတဲ့အတွက်  နေရပ်ပြန်ကာ မေလ ၂၀ ရက်နေ့မှာ အိမ်သစ်ကို ဆုတောင်းဆက်ကပ်တာ‌တွေ ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အခုဆောက်လုပ်ပြီးစီးတဲ့ စစ်ရှောင်အိမ်ခြေ ၃၄ အိမ်ကို ဂျပန်နိုင်ငံက နီပွန်ဖောင်ဒေးရှင်းရဲ့ လှူဒါန်းတဲ့ ထောက်ပံ့ငွေနဲ့ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် KBC က တာ၀န်ယူတည်ဆောက်ပေးတာ ဖြစ်ပါတယ်။

ချီဖွေမြို့မှ ၇ မိုင်ကျော်ဝေးတဲ့  ဂျိတ်လွယ်ရွာကဒေသခံတွေဟာ ၂၀၁၁ခုနှစ် ကချင်စစ်ပွဲပြီးနောက် ချီဖွေမြို့ပေါ်က KBC စစ်ရှောင်စခန်းမှာ နေထိုင်ခဲ့ရာမှ ဆယ်စုနှစ်အကြာမှာ မိမိနေရပ်ပြန်နိုင်တာဖြစ်ပါတယ်။

ချီဖွေမြို့ပေါ်က စစ်ရှောင်ရွာခံတချို့ကတော့  လုံခြုံရေးနဲ့ ပျက်စီးသွားတဲ့ သူတို့ရဲ့ နေအိမ်တွေ ပြန်လည် ပြုပြင်ဆောက်လုပ်ပေးနိုင်ခြင်းမရှိသေးလို့ မိမိနေရပ်ပြန်ဖို့ အခက်အခဲရှိနေဆဲ ဖြစ်ပါတယ်။

More News
Up