နိုင်ငံရေးအကျဉ်းသား ၆၉ ဦး ပြန်လွတ်
DVB
·
November 15, 2013
နိုင်ငံတ၀န်းအကျဉ်းထောင်တွေမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၆၉ ဦးကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ အရ ဒီကနေ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွှတ်ပေးလိုက်ပါတယ်။
[caption id="attachment_46489" align="alignright" width="300"] တောင်ငူအကျဉ်းထောင်[/caption]
အင်းစိန်အကျဉ်းထောင်မှ ၃ ဦး၊ မန္တလေး အကျဉ်းထောင်မှ ၁၀ ဦး၊မြင်းခြံ အကျဉ်းထောင်မှ ၃ ဦး၊ သာယာဝတီ အကျဉ်းထောင်မှ ၂ ဦး၊ တောင်ငူ အကျဉ်းထောင်မှ ၆ ဦး၊ ရွှေဘို အကျဉ်းထောင်မှ ၄ ဦး၊ မုံရွာ အကျဉ်းထောင်မှ ၂ ဦး၊ ပုသိမ် အကျဉ်းထောင်မှ ၁ ဦး၊ သထုံ အကျဉ်းထောင်မှ ၁ ဦး၊ အင်္ဂဘို ရဲဘက်စခန်းမှ ၁ ဦး၊ ဗန်းမော် အကျဉ်းထောင်မှ ၂ ဦး၊ မြစ်ကြီးနား အကျဉ်းထောင်မှ ၅ ဦး၊ သီပေါ အကျဉ်းထောင်မှ ၃ ဦး၊ ကျိုင်းတုံ အကျဉ်းထောင်မှ ၁ ဦး၊ ကျောက်ဖြူ အကျဉ်းထောင်မှ ၁၀ ဦး၊ သံတွဲ အကျဉ်းထောင်မှ ၄ ဦး၊ ဘူးသီးတောင် အကျဉ်းထောင်မှ ၂ ဦး၊ စစ်တွေ အကျဉ်းထောင်မှ ၉ ဦး စုစုပေါင်း ၆၉ ဦးကို ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ် ဒီဇင်ဘာလမကုန်မီ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုနိုင်ရေးအတွက် နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီက ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။