Sunday, June 11, 2023
HomeLead Storyမိုးကုတ်တွင် ၈ တန်းကျောင်းသား ၁ ဦးနှင့် ရွာသား ၃ ဦး ဖမ်းဆီးခံရ

မိုးကုတ်တွင် ၈ တန်းကျောင်းသား ၁ ဦးနှင့် ရွာသား ၃ ဦး ဖမ်းဆီးခံရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ အောင်သစ်လွင်ရပ်ကွက်မှာ  မေလ ၂၀ ရက် ဒီနေ့မနက်ပိုင်း စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့တွေက ရှစ်တန်းကျောင်းသား ၁ ယောက်ကို ဖမ်းဆီးခဲ့သလို သဲကျောက်ဆောင်ရွာသား   ၃ ယောက်ကိုလည်း  ဖမ်းဆီးသွားပါတယ်။

မနေ့ညနေပိုင်းက မိုးကုတ်အနောက်ပိုင်း ရေဦးကျောင်း ကျောင်းအိမ်သာထဲမှာ ဗုံးပေါက်ကွဲတာကြောင့် ရဲနဲ့ စစ်တပ်က စစ်ဆေးနေချိန်မ​ှာ ဆိုင်ကယ်ပစ္စည်းကိရိယာထည့်တဲ့ပုံးထဲ ကနေ မူးယစ်ဆေး ဖမ်းဆီးရမိတာကြောင့်  ဆက်စပ် လာဖမ်းတာဖြစ်တယ်လို့ သိရပါတယ်။ 

ရှစ်တန်းကျောင်းသားရဲ့ အမျိုးတော်စပ်သူက မူးယစ်ဆေးနဲ့ပတ်သက်နေတာကြောင့် ကျောင်းသားကို ဖမ်းသွားတာဖြစ်ပြီး မိုးကုတ်အနောက်ပိုင်း သဲကျောက်ဆောင်ရွာက ရွာသား  ၃ ယောက်ကိုလည်း  မူးယစ်ဆေးနဲ့ ဆက်နွှယ် ဖမ်းဆီးသွားတာ ဖြစ်တယ်လို့သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular