ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်ကြီးမြို့မှာ မေလ ၂၀ ရက် ဒီမနက်အစောပိုင်းက လူနေအိမ် ၁၄ လုံးမီးလောင်ပြီး လူဦးရေ ၆၈ ယောက်မီးဘေးသင့်ခဲ့တယ်လို့ ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ကမ်းထောင်းကြီးမြို့မှာ ဒီနေ့မနက် ၄ နာရီလောက်က မီးလောင်နေတယ်လို့ သတင်းရတဲ့အတွက် မီးသတ်တပ်ဖွဲ့ဝင်တွေ မီးသတ်ကားတွေနဲ့ သွားရောက် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာမှာ မနက် ၅ နာရီကျော်လောက်မှာ မီးငြိမ်းခဲ့တယ်လို့ဆိုပါတယ်။
မုန့်ကြော်ဖို့ထည့်ထားတဲ့ ဆီအိုးအပူလွန်ကဲပြီး မီးလောင်ရာကနေ အနီးရှိ ဝါးထရံသို့ မီးကူးစက်လောင်ကျွမ်းတာဖြစ်ပြီး မီးလောင်မှုကြောင့် စုစုပေါင်း လူနေအိမ် ၁၄ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။
မီးဘေးဒုက္ခသည် အမျိုးသာ ၃၁ ယောက် ၊ အမျိုးသမီး ၃၇ ယောက် ၊ စုစုပေါင်း ၆၈ ယောက် တို့ဟာ နီးစပ်ရာ ဆွေမျိုးတွေ နေအိမ်မှာ ယာယီနေထိုင်နေကြပါတယ်။