ပေါင်မြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက်ဆန္ဒပြ
DVB
·
May 19, 2021
မွန်ပြည်နယ်၊ ပေါင်မြို့နယ်က ပြည်သူတွေဟာ မေလ ၁၉ ရက်နေ့ ညနေပိုင်းမှာ အကြမ်းဖက် စစ်ကောင်စီကို ပြောက်ကျားသပိတ်ပြုလုပ်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဆန္ဒထုတ်ဖော်ခဲ့တဲ့ ပြည်သူတွေက ချင်းပြည်နယ်၊ မင်းတပ်ပြည်သူတွေနဲ့အတူ ရှိကြောင်း ပြသခဲ့သလို ဆက်လက် တောင့်ခံပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင် မင်းတပ်မြို့ကို အကြမ်းဖက် တိုက်ခိုက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
ပေါင်မြို့နယ်က ပြည်သူတွေဟာ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကို သပိတ်မျိုးစုံ ပြုလုပ်ပြီး နေ့စဉ် ရက်ဆက် တော်လှန်နေတာပါ။