စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ အာဏာဖီဆန် CDM ပြုလုပ်နေတဲ့ဆရာ ဆရာမတွေအပါအဝင် ပညာရေးဝန်ထမ်း ၆၅၇ ယောက်ကို အကြမ်းဖက်စစ်အုပ်စုက တာဝန်ကနေ ယာယီရပ်ဆိုင်းလိုက်ပါတယ်။
အဆိုပါ ပညာရေးဝန်ထမ်းတွေဟာ ခွင့်စည်းကမ်းဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်တာ၊ လုံလောက်တဲ့အကြောင်းပြချက်မရှိဘဲ တာဝန်ချိန်ပျက်ကွက်တာကြောင့် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေတွေအရ မေလ ၇ ရက်ကစပြီး တာဝန်ကနေ ရပ်ဆိုင်းလိုက်တာလို့ စစ်ကောင်စီရဲ့ ကလေးခရိုင်ပညာရေးမှူးက မေလ ၁၃ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
တာဝန်ကနေ ယာယီရပ်ဆိုင်းခံရတဲ့ ဆရာဆရာမတွေထဲမှာ ကလေးမြို့ပေါ် အထက ကျောင်းတွေကရော ကျေးရွာအထက ကျောင်းတွေက ပညာရေးဝန်ထမ်းတွေလည်း ပါဝင်ပြီး အများစုဟာ အလယ်တန်းပြဆရာ ဆရာမတွေဖြစ်ပါတယ်။