တက္ကသိုလ် အဆောင်စနစ် ပြန်လုပ်မည်
DVB
·
November 14, 2013

အဆင့်မြင့်ပညာ ဦးစီးဌာန လက်အောက်က တက္ကသိုလ်အားလုံးမှာ အဆောင်နေစနစ်တွေ ပြန်အကောင်အထည်ဖော်သွားမယ်လို့ အဆင့်မြင်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) ရဲ့ ညွှန်ချုပ် ဦးဇော်ဌေးက ပြောပါတယ်။
နိုဝင်ဘာ ၁၂ ရက်နေ့ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ကျင်းပတဲ့ ပညာရေး ဆွေးနွေးပွဲမှာ သူက ခုလို ပြောလိုက်တာပါ။
ရန်ကုန်၊ မော်လမြိုင်၊ ပုသိမ်နဲ့ စစ်တွေလို နဂို အဆောင် ဆောက်လုပ်ထားပြီးသား တက္ကသိုလ်တွေမှာ ပြန်ပြီး ပြုပြင်မွမ်းမံတာတွေ လုပ်သွားမှာ ဖြစ်ပြီး အဆောင်မရှိသေးတဲ့ တက္ကသိုလ်တွေအတွက်ကိုတော့ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းအစိုးရအဖွဲ့၊ ပုဂ္ဂလိကတွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး အသစ်ဆောက်လုပ်သွားမယ်လို့ သူက ပြောပါတယ်။
မော်လမြိုင်တက္ကသိုလ်က ၁၀ မြို့နယ် အဆောင်တွေဆိုရင် စစ်တပ်က အာဏာသိမ်း လိုက်တဲ့ ၁၉၈၈ နောက်ပိုင်း အသုံးမပြုဘဲ ထားခဲ့လို့ အလွန်ယိုယွင်းပျက်စီးနေပြီလို့ နည်းပြဆရာမ ဒေါ်နီလာက ဒီဗွီဘီကို ပြောပါတယ်။
