တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာ စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြခဲ့တာ ရက် ၁၀၀ ပြည့်တဲ့ ဒီကနေ့ မေ ၁၈ ရက် မနက်ပိုင်းက သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူ အင်အား ၇၀ လောက်က ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ကိုလည်း ထောက်ခံကြောင်းနဲ့ စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ကြွေးကြော် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။