စစ်ကိုင်းမြို့မှာ မေလ ၁၈ ရက် ဒီကနေ့ မွန်းလွဲပိုင်းက အာဏာသိမ်း အကြမ်းဖက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရောက်နေချိန် ဗုံးပေါက်ကွဲမှုဖြစ်ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
စစ်ကိုင်း ကမ်းနားလမ်း ပညာရေးကောလိပ်ကျောင်း (တီတီစီ) အနီး ဒီနေ့ မွန်းလွဲ ၁ နာရီခွဲလောက်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တာပါ။

စစ်ကိုင်းဒေသခံတစ်ဦးက “သွားလာသမျှ ဆိုင်ကယ်တွေကို စစ်ဆေးနေပါတယ်။ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် သီတဂူကျောင်းရောက်တဲ့ အချိန်ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တာ” လို့ ပြောပါတယ်။
ပညာရေးဒီဂရီကောလိပ်ရှေ့ အမှိုက်ကန်မှာ ပေါက်ကွဲမှုဖြစ်ပွားတာဖြစ်ပြီး အမှိုက်ကန်အနီး လာရောက်လေ့ရှိတဲ့ အမျိုးသမီးကြီးတစ်ဦး ခြေထောက်နှစ်ဖက်မှာ (မစိုးရိမ်ရ)ဒဏ်ရာ ရရှိခဲ့ပါတယ်။
“ထိခိုက်ဒဏ်ရာရရှိသူက အရင်စည်ပင်ဝန်ထမ်းတစ်ယောက်ရဲ့ အမေပါ။ သူက အဲဒီ အမှိုက်ကန်နား နေ့တိုင်းသွားလေ့ရှိပါတယ်။ ခြေထောက်ကို သံတိုသံစ၊ ဘောစိတွေမှန်ပြီး ဒဏ်ရာရခဲ့ပါတယ်။ မဆိုင်တဲ့သူတွေထိတာတော့ စိတ်မကောင်းဘူးဗျာ” လို့ ကူညီဆောင်ရွက်ပေးသူ တဦးက ပြောပါတယ်။
စစ်ကိုင်းမြို့မှာ စစ်ကိုင်းမြို့တွင် ပြီးခဲ့ရက်တွေက တချိန်တည်း ဗုံးပေါက်ကွဲမှု ၃ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။
အခုလအတွင်း ရတနာပုံတံတားအဆင်း စစ်ဆေးဂိတ်၊ အ.ထ.က (၁)၊ လူမှုဖူလုံရေးရုံးနဲ့ က.ည.န ရုံးတွေမှာလည်း ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ကာ အဆိုပါဖြစ်တွေမှာ လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပါဘူး။
ဓာတ်ပုံ – စစ်ကိုင်း cj