တနင်္သာရီတိုင်းဒေသကြီးမှာ စစ်အာဏာရှင်ဆန့်ကျင် အာဏာဖီဆန် CDM လုပ်နေတဲ့ ပညာရေးဝန်ထမ်း အယောက် ၇၀၀၀ လောက်ကို အကြမ်းဖက်စစ်အုပ်စုက အလုပ်ကနေ ယာယီရပ်ဆိုင်းလိုက်ပါတယ်။
ကျောင်းအုပ်ကြီးတွေအပါအဝင် သင်ကြားရေးနဲ့ စီမံဝန်ထမ်းပေါင်း ၆၈၁၅ ယောက်ကို တာဝန်ကနေ ယာယီရပ်ဆိုင်းတာလို့ ပညာရေးအသိုင်းအဝိုင်းဆီက သိရပါတယ်။
စုံစမ်းသိရှိရတဲ့ စာရင်းတွေအရ လောင်းလုံးမြို့နယ်မှာ ကျောင်းအုပ်ကြီး ၇ ယောက်၊ ဆရာ ဆရာမတွေနဲ့ စီမံဝန်ထမ်းပေါင်း ၁၀၁၆ ယောက်ကို မေ ၇ ရက်ကစပြီး တာဝန်ကနေ ယာယီရပ်ဆိုင်းပါတယ်။
ကျွန်းစုမြို့နယ်မှာ ကျောင်းအုပ်ကြီး ၆ ယောက်နဲ့ ဆရာ ဆရာမ၊ စီမံဝန်ထမ်းပေါင်း ၅၂၄ ယောက်၊ ပုလောမြို့နယ်မှာ ဆရာ ဆရာမနဲ့ စီမံဝန်ထမ်းပေါင်း ၆၉၅ ယောက်၊ သရက်ချောင်းမြို့နယ်က ကျောင်းအုပ်ကြီး ၆ ယောက်၊ ဆရာ ဆရာမနဲ့ စီမံဝန်ထမ်းပေါင်း ၈၉၆ ယောက်၊ တနင်္သာရီမြို့နယ်မှာ ဆရာ ဆရာမနဲ့ စီမံဝန်ထမ်းပေါင်း ၅၄၈ ယောက်၊ မြိတ်မြို့မှာ ဆရာ ဆရာမနဲ့ စီမံဝန်ထမ်းပေါင်း ၁၁၁၅ ယောက် အလုပ်ကနေ ယာယီရပ်ဆိုင်းခံလိုပ်ရပါတယ်။
တနင်္သာရီတိုင်းထဲမှာ သင်ကြားရေး ဆရာ ဆရာမတွေနဲ့ စီမံ ရုံးဝန်ထမ်းပေါင်း ၁၄၇၀၀ ကျော်ရှိတဲ့အထဲက ထက်ဝက်လောက်ကို တာဝန်မှ ယာယီရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။