Thursday, June 8, 2023
HomeLead Storyကျောက်ဖြူ ဒေသခံ ၁ ဦးအား အကြမ်းဖက်စစ်ကောင်စီတပ်က ရိုက်နှက်

ကျောက်ဖြူ ဒေသခံ ၁ ဦးအား အကြမ်းဖက်စစ်ကောင်စီတပ်က ရိုက်နှက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ကျောက်ပြောက်ကျေးရွာနေ ဦးအောင်ထွန်းဇံကို မေလ ၁၄ ရက်နေ့ညက အင်တိုင်းကြီးကျေးရွာကနေ မိမိနေရပ်ကို ပြန်လာရာလမ်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ စစ်ဆေးမေးမြန်းပြီး ရိုက်နှက်ခဲ့တယ်လို့ ဒေသခံ ၁ ဦး ပြောပါတယ်။

“အသက်က ၄၁ နှစ်ရှိပြီ၊ နာမည်ကတော့ ဦးအောင်ထွန်းဇံပါ၊ သူက အင်တိုင်းကြီးကျေးရွာကို အလုပ်ကိစ္စနဲ့သွားပြီး ညနေ ၇ နာရီကျော်မှာ ရွာကို ပြန်လာတယ်၊ အဲဒီအချိန်မှာ အင်တိုင်းကြီးကနေ ဝမြှောင်ကျေးရွာ ဆက်ထားတဲ့ ကွန်ကရစ်လမ်းမှာရှိတဲ့ တံတားနားအရောက်မှာ စစ်သားတွေနဲ့ တွေ့တယ်၊ အဲဒီစစ်သားတွေက သူ့ကို အေအေကလား ဆိုပြီး မေးတယ်၊ သူက မဟုတ်ပါဘူးဆိုပြီး ပြောတယ်။ အဲဒါနဲ့ စစ်သားတွေက မင်း အရက်သောက်ထားလား၊ လူမိုက်လားဆိုပြီး မေးပြီးတော့ ဦးအောင်ထွန်းဇံရဲ့ ဝမ်းဗိုက်ကို သေနတ်ပြောင်းဝနဲ့ သုံး လေးချက်လောက်ထိုးပြီး လွှတ်လိုက်တာ၊ အခု အဲဒီဒဏ်ရာကြောင့် ဝမ်းဗိုက်အောင့်နေလို့ ဆေးသွင်းလိုက်ရတယ်၊ ဒီမနက်မှာတော့ နည်းနည်းသက်သာသွားပါပြီ” လို့ ပြောပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ရခိုင့်တပ်တော်တို့ကြား တိုက်ပွဲဖြစ်ပွားမှုမရှိတာဟာ ၆ လကျော်ရှိလာပြီဖြစ်ပေမဲ့ စစ်ကောင်စီတပ်က အင်အားတိုးချဲ့တာ တွေ လုပ်ဆောင်နေသလို နယ်တွေမှာလည်း သွားလာလှုပ်ရှားမှုတွေ ရှိလာနေတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်လာမှာကို ဒေသခံတွေကြား စိုးရိမ်နေကြပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular