DVB Logo
Home
မြန်မာသတင်း
လစာ ကျပ် သိန်း ၅၀ အောက်သာ သမ္မတ ခံစားလို
DVB
·
November 13, 2013
လစာ ကျပ် သိန်း ၅၀ အောက်သာ သမ္မတ ခံစားလို
Donate to DVB

သမ္မတ ဦးသိန်းစိန်က လစာ ကျပ်သိန်း ၅၀ ထက်နည်းပြီး ရယူလိုတဲ့အကြောင်း ဒါကို လွှတ်တော်က သတ်မှတ်ပေးမယ်ဆိုရင်လည်း လက်ခံမယ်လို့ နိုဝင်ဘာ ၁၃ ရက်နေ့ ကျင်းပတဲ့ အမျိုးသား လွှတ်တော်ကို အကြောင်းကြားခဲ့ပါတယ်။

[caption id="attachment_39191" align="alignright" width="300"]ဦးသိန်းစိန် (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုဒ်) ဦးသိန်းစိန် (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုဒ်)[/caption]

ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များရဲ့ ချီးမြှင့်ငွေ စရိတ်နဲ့ အဆောင်ယောင်များ ဆိုင်ရာ ဥပဒေ ပုဒ်မ ၃ မှာ ချီးမြင့် ငွေ ကျပ်သိန်း ၅၀ ကို နိုင်ငံတော်သမ္မတက ခံစားခွင့်ရှိတယ်လို့ ဖော်ပြထားပေမယ့် သမ္မတ ဦးသိန်းစိန်က  ပြည်ထောင်စု အစိုးရအဖွဲ့သဘောတူညီချက်နဲ့ ၁၅ သိန်းပဲ ခံစားခဲ့တာ ဖြစ်ပါတယ်။

သမ္မတက  ခုလို ၁၅ သိန်းပဲ လစာယူနေတာ  လပေါင်း ၃၀ ကျော်လာပြီး ဥပဒေကို ပြင်ဆင်ဖို့ ကြုံလာတဲ့အချိန်မှာတော့ သမ္မတကြီးရဲ့ ၁၅ သိန်းသာ ခံစားမယ်ဆိုတဲ့သဘောတူညီချက်ဟာ ဥပဒေနဲ့ တခြားစီဖြစ်နေတဲ့ အတွက် သမ္မတကြီး ခံစားမယ်ဆိုတဲ့ အနေအထားအတိုင်း  ဥပဒေကို ပြဋ္ဌာန်းပေးဖို့ ဆိုတဲ့ ပြင်ဆင်ချက် အဆိုကို ဥပဒေကြမ်း ကော်မတီက အစီရင်ခံခဲ့တယ်လို့ အမျိုးသား လွှတ်တော် အမတ် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

အမျိုးသား လွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က ဘဏ္ဍာရေး ၀န်ကြီး ဒုဝန်ကြီး ဦးမောင်မောင်သိန်းကို ဒီကိစ္စ ဆွေးနွေးဖို့ ပြောဆိုရာမှာ ဦးမောင်မောင်သိန်းက သမ္မတအနေအထားကို ပုဂ္ဂိလ်တဦးအနေဖြင့် မမြင်ဘဲ အဖွဲ့အစည်း တခုအနေနဲ့ မြင်သင့်ကြောင်း၊ သာမန်အားဖြင့် ပုဂ္ဂလိက ကုမ္ပဏီ အထွေထွေမန်နေဂျာ တဦး လစာနဲ့ ညီနေပါက အဂါရ၀တရား ဖြစ်သွားနိုင်တဲ့အတွက် သိန်း ၃၀၊ ၄၀ သတ်မှတ်သင့်တယ်လို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
ဒီအတွက် လွှတ်တော်နားနေစဉ်အချိန် သမ္မတကြီးရဲ့ သဘောထားကို မေးမြန်းရာမှာ သမ္မတက လွှတ်တော် သတ်မှတ်ချက် သိန်း ၅၀ ကို မခံစားလိုတဲ့အကြောင်း၊ လွှတ်တော်က သတ်မှတ်ပေးထားတဲ့ နှုန်းကိုသာ ရရှိခံစားလိုတဲ့အကြောင်း ပြန်တင်ပြခဲ့တယ်လို့ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

“အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးကလည်း လွှတ်တော်အနေအထားနဲ့ကတော့  သမ္မတကြီးကို ဘယ်လောက်ပဲခံစားရမယ် ဆိုပြီး လွှတ်တော်က ပိုင်းဖြတ်သတ်မှတ်ပေးတာက တကယ်တော့ လုပ်သင့်တဲ့ ကိစ္စမဟုတ်ပါဘူး။ တကယ်တမ်းကျတော့ ဘဏ္ဍာရေး ၀န်ကြီးက ဘဏ္ဍာရေး အနေအထားနဲ့ ပြည်ထောင်စု အစိုးရအနေအထားနဲ့ လက်ရှိရှိတဲ့ ဘဏ္ဍာအနေအထားမျိုးပေါ်မှုတည်ပြီး ဘယ်လိုတော့ဖြင့် နိုင်ငံရဲ့ အနေအထားမျိုးနဲ့ ခံစားခွင့်ရှိတယ်ဆိုတာကို အဆိုပြုတင်ပေးဖို့ ကောင်းပါတယ်။ အဲဒီတော့ လွှတ်တော်က အဲဒီအပေါ်မူတည်ဆုံးဖြတ်ပေးပါမယ်။”

နောက်ဆုံးတော့ ဘဏ္ဍာရေး ၀န်ကြီးဌာနက အဆိုပြုချက်တင်သွင်းပြီးမှာသာလျှင် သမ္မတ လစာလျှော့ခံစားမယ့်ကိစ္စကို  ဥပဒေအရ  လွှတ်တော်က အတည်ပြုမှာ ဖြစ်ကြောင်း ပြန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013