စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို မေ ၁၁ ရက်နေ့မှာ စတင်ဖွဲ့စည်းလိုက်ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကိုကာကွယ်ဖို့ ဒေသခံလူငယ်တွေပူးပေါင်းပြီး အဖွဲ့ကိုဖွဲ့စည်းလိုက်တာလို့ အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
ရွှေဘိုဒေသခံပြည်သူတွေ၊ CDM ဝန်ထမ်းတွေကို အကာအကွယ်ပေးဖို့ ပြည်သူ့ကာကွယ်ရေးတပ်ကို ဖွဲ့စည်းခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီကို ပြောက်ကျားစနစ်နဲ့ ခုခံဆန့်ကျင်သွားမယ်လို့ ပါဝင်တဲ့လူငယ်တစ်ဦးကပြောပါတယ်။
CRPH က ဖွဲ့စည်းပေးထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ချိတ်ဆက်ပြီး ဖက်ဒရယ်တပ်မတော်ပေါ် ပေါက်ချိန်မှာ ပူးပေါင်းပါဝင်သွားမယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သူတို့ရဲ့ကြေညာချက် မှာဖော်ပြပါတယ်။