မန္တလေးတိုင်း မိုးကုတ်မြို့နယ် ကိုယ်စားပြု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းပြီးကြောင်း မေလ ၁၁ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို မိုးကုတ်မြို့နယ်ကျွေးရွာ ရပ်ကွက်အသီးသီးမှ တက်ကြွလှုပ်ရှားသူတွေနဲ့ စုပေါင်းဖွဲ့စည်းခဲ့ပြီး ပြည်သူပြည်သားတွေကို စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ ကာကွယ်သွားမယ်လို့ ကတိကဝတ်ပြုထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
မနက်ဖန် မေလ ၁၂ ရက်ကစပြီး အပြစ်မဲ့ပြည်သူတွေကို ဖိနှိပ်ချုပ်ချယ်တာ၊ လိုက်လံ ဖမ်းဆီးတာ၊ အဓ္ဓမစေခိုင်းတာ ၊ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေကို သေနတ်နဲ့ ပစ်ခတ်လူစုခွဲတာတွေပြုလုပ်ပါက ပြန်လည်ခုခံမှာဖြစ်ပြီး ဒလန်မိသားစုတွေလည်း ရှင်းလင်းသင့်ပါက ရှင်းလင်းမယ်လို့ ထုတ်ပြန်ထားပါတယ်။