စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့ပူးပေါင်းသပိတ်ဟာ စစ်အာဏာရှင်အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် အကြမ်းဖက်စစ်ကောင်စီလက်ချက်ဖြင့် ကျဆုံးခဲ့ရတဲ့ ကဗျာဆရာ ကိုခက်သီ နှင့်တကွ ကျဆုံးအာဇာနည်များအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြစ်တဲ့ အနက်ရောင်လှုပ်ရှားမှုကို မေလ ၁၂ ရက်နေ့က အင်အားထောင်ချီ ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။
ဆန္ဒပြပွဲမှာ စစ်အာဏာရှင်ကျဆုံးရေးကြွေးကြော်သံတွေနဲ့အတူ အကြမ်းဖက်စစ်ကောင်စီရဲ့လက်ချက်ဖြင့် ကျဆုံးခဲ့ရတဲ့ ကဗျာဆရာ ကိုခက်သီ ရဲ့ ဓါတ်ပုံများကို ကိုင်ဆောင်ချီတက်ခဲ့ကြသလို အမှတ်တရ ကဗျာတွေကိုလည်း ရွတ်ဆို ဂုဏ်ပြုခဲ့ကြပါတယ်။