စစ်အာဏာရှင်ကိုဆန့်ကျင်နေတဲ့ မော်လမြိုင်မြို့က ပြည်သူတွေဟာ မေလ ၁၁ ရက်နေ့ နေ့လယ်ပိုင်းမှာ အရေးတော်ပုံအတွက် သွေးမအေးကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဒီကနေ့ နွေဦးတော်လှန်ရေး ရက် ၁၀၀ ပြည့်မှာ မော်လမြိုင်ပြည်သူတွေဟာ မော်လမြိုင်ရဲ့ လူစည်ကားရာ အမှတ် ၁ ဈေးမှာ ဆိုင်ကယ်သပိတ် ပြုလုပ်ပြီး ဆန္ဒပြခဲ့ကြတာပါ။
မော်လမြိုင်မှာတော့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်နဲ့ ရဲတွေဟာ ဆန္ဒပြပြည်သူတွေအပြင် အပြစ်မဲ့ပြည်သူတွေကို နေ့ရောညပါ ဝင်ရောက် ဖမ်းဆီးတာတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။
ဒါအပြင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်နဲ့ ရဲတွေဟာ မြို့ပေါ်ရပ်ကွက်နေရာ အများစုမှာ လုံခြုံရေး ယူလာသလို ပိတ်ဆို့စစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။