
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက် ( ဗ-၂၀)အကွက် ရာအိမ်မှူးဟောင်း ဦးထက်အောင်မျိုးကို မေလ ၁၁ ရက် မနက် ၂ နာရီကျော်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက အရပ်ဝတ်တွေနဲ့ လာရောက်ဖမ်းဆီးသွားပါတယ်။
ဦးထက်အောင်မျိုးဟာ ပုဒ်မ ၅၀၅ (က) နဲ့ ဝရမ်းထုတ်ခံထားရသူဖြစ်ပြီး ရပ်ကွက်သပိတ်တွေမှာလည်း ရှေ့ဆုံးကနေပါဝင်သူဖြစ်တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။
သူ့ရဲ့နေအိမ်ကို လာရောက်ဖမ်းဆီးတာဖြစ်ပြီး အနီးပတ်ဝန်းကျင်က အိမ်ခေါင်မိုးတွေအထိ ထွက်ပြေးခဲ့ပေမဲ့ ပြေးပေါက်ပိတ်ပြီး ဖမ်းတာကြောင့် နောက်ဆုံးမှာ အဖမ်းခံလိုက်ရတယ်လို့ သိရပါတယ်။ မြရည်နန္ဒာရပ်ကွက်မှာ အခုလိုအိမ်အထိလာဖမ်းတာ ပထမဆုံးလည်း ဖြစ်ပါတယ်။