ပုသိမ်နည်းပညာတက္ကသိုလ်မှ ဆရာ ဆရာမနှင့် ဝန်ထမ်း ၄၄ ဦးကို စစ်ကောင်စီက အလုပ်ထုတ်
DVB
·
May 11, 2021
ပုသိမ်နည်းပညာတက္ကသိုလ်မှာ အာဏာဖီဆန် CDM လုပ်နေတဲ့ ဆရာဆရာမတွေနဲ့ ဝန်ထမ်း ၄၄ ယောက်ကို မေလ ၃ ရက်နေ့ကစပြီး တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း ပုသိမ်နည်းပညာ တက္ကသိုလ်ကျောင်းအုပ်က မေလ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
တာဝန်မှယာယီရပ်နားခံရသူတွေအထဲမှာ ပါမောက္ခတွေ၊ ကထိက၊ လက်ထောက်ကထိက၊ သရုပ်ပြ၊ စာရင်းကိုင်တွေအပြင် သန့်ရှင်းရေးဝန်ထမ်းတွေလည်း ပါဝင်ပါတယ်။