မကွေးတိုင်းဒေသကြီး ချေက်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုကို အမြတ်ပြတ်တော်လှန်ဖို့ မေလ ၉ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ချောက်မြို့နယ်) ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ချောက်မြို့နယ်က ပြည်သူတွေကို အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားတဲ့ လုပ်ရပ်တွေက အကာကွယ်ပေးနိုင်ဖို့ ရည်ရွယ်ဖွဲ့စည်းလိုက်တာဖြစ်ပြီး NUG အစိုးရက ဖွဲ့စည်းလိုက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲ့ လမ်းညွှန်ချက်ကို လိုက်နာဆောင်ရွက်မယ်လို့ ဆိုပါတယ်။
မိမိတို့ဒေသအတွင်းက CDM ဝန်ထမ်းတွေ့နဲ့ ပြည်သူတွေကို အပြည့်ဝ ကာကွယ်စောင့်ရှောက်ပေးမှာဖြစ်ပြီး CDM ဝန်ထမ်းတွေကို ခြိမ်းခြောက်ဖိအားပေးသူတွေနဲ့ ပြည်သူ့သစ္စာဖောက်(ဒလန်)တွေရဲ့ လုံခြုံရေးကို လုံးဝတာဝန်ယူမှာမဟုတ်ဘူးလို့ သတိပေးထားပါတယ်။
ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ အကြမ်းဖက်စစ်အုပ်စုကို နည်းလမ်းမျိုးစုံနဲ့ အမြစ်ပြတ်တော်လှန်သွားမယ်လို့ ဆိုပါတယ်။