Friday, June 9, 2023
HomeLead StoryTimes Square ရင်ပြင်ပစ်ခတ်မှု လူ ၃ ဦး ကျည်ထိမှန်ဒဏ်ရာရ

Times Square ရင်ပြင်ပစ်ခတ်မှု လူ ၃ ဦး ကျည်ထိမှန်ဒဏ်ရာရ

အမေရိကန်နိုင်ငံ နယူးယောက်မြို့လယ်က Times Square ရင်ပြင်မှာ အငြင်းပွားမှုအပြီး ပစ်ခတ်ခဲ့လို့ ၄ နှစ်သမီးတစ်ယောက်အပါအဝင် လူ ၃ ဦး ကျည်ထိမှန် ဒဏ်ရာရသွားပါတယ်။

ဒဏ်ရာရသူတွေဟာ အငြင်းပွားတဲ့အထဲပါသူတွေ ဟုတ်ပုံ မရဘူးလို့ နယူးယောက် ထိပ်တန်း ရဲကော်မရှင်နာမင်းကြီး ဒါးမော့ ရှီးယားက မေ ၈ ရက်မှာ ပြောပါတယ်။

ဘရွတ်ကလင်ရပ်ကွက်က မိသားစုဟာ ကလေးကို အရုပ်ဝယ်ပေးဖို့ Times Square ဆီကို လာခဲ့တဲ့ အပြစ်မရှိတဲ့ ဘေးက ရပ်ကြည့် သူတွေလို့ ရှီးယားက ပြောပါတယ်။

၄ နှစ်သမီးနဲ့ အသက်၂၃ နှစ်အရွယ် အမျိုးသမီးက ခြေထောက်ကို ကျည်ဆန် ထိမှန်ပြီး ၄၃ နှစ် အရွယ် အမျိုးသမီးကတော့ ခြေဖဝါးမှာ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

 မနှစ်က နယူးယောက်နဲ့ တခြား အမေရိကန် မြို့တွေမှာ ရာဇဝတ်မှုနှုန်း မြင့်တက်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular