ရေဦးမြို့နယ်မှာ ရာနှုန်းပြည့် CDM လုပ်နေတဲ့ ကျောင်းပေါင်း ၃၁ ကျောင်းရှိတယ်လို့ ပညာရေးဌာန စာရင်းတွေအရ သိရပါတယ်။
ပညာရေးမှူး ဦးကျော်စိုးက CDM ပညာရေးဝန်ထမ်းတွေကို ဖိအားပေးနေပေမဲ့ ပညာရေးဝန်ထမ်း ၉၃၃ ယောက်ဟာ CDM လှုပ်ရှားမှုမှာ ပါဝင်နေတယ်လို့ ပညာရေးဌာန ဝန်ထမ်းတွေဆီက သိရပါတယ်။
ရေဦးမှာ ပညာရေးဝန်ထမ်းပေါင်း ၁၃၈၁ ယောက်ရှိပြီး ၁၀၀ ရာခိုင်နှုန်း CDM ၃၁ ကျောင်း၊ ၁၀၀ ရာခိုင်နှုန်း CDM မလုပ်တာက ၃ ကျောင်းရှိပါတယ်။
ရေဦးမြို့နယ်က ကျောင်းသားမိဘတွေကတော့ CDM ဆရာ၊ ဆရာမတွေနဲ့ လက်တွဲပြီး စစ်အာဏာရှင်ပြုတ်ကျတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ သဘောထားထုတ်ပြန်ထားပါတယ်။