မြင်းခြံမြို့တွင် လေပြင်းတိုက်ပြီး သစ်ပင်ကြီးများလဲကျ
DVB
·
May 7, 2021
မန္တလေးတိုင်း၊ မြင်းခြံမြို့ အမှတ် ၁၉ ရပ်ကွက်၊ ဆေးရိုးစက်တန်းလမ်းမှာ မေ ၇ ရက် မနက် ၆ နာရီခွဲက သစ်ပင်အမြင့် ၄၅ ပေ၊ လုံးပတ် ၄ ပေလောက်ရှိတဲ့ မန်းကျည်ပင်တစ်ပင် လဲကျခဲ့ပါတယ်။
မေ ၆ ရက် ညပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် လဲကျခဲ့တာဖြစ်ပြီး လူထိခိုက်မှု မရှိခဲ့ဘူးလို့ ဒေသခံများ ပြောပါတယ်။ မန်းကျည်ပင်လဲကျနေရာသို့ မြင်းခြံမြို့နယ်မီးသတ်တပ်ဖွဲ့က သွားရောက်ရှင်းလင်းပေးခဲ့ပါတယ်။