Sunday, May 28, 2023
HomeLead Storyမအူပင်နည်းပညာတက္ကသိုလ်နှင့် ကွန်ပျုတာတက္ကသိုလ်မှ ဆရာဆရာမ ၈၀ တာဝန်မှ ရပ်ဆိုင်းခံရ

မအူပင်နည်းပညာတက္ကသိုလ်နှင့် ကွန်ပျုတာတက္ကသိုလ်မှ ဆရာဆရာမ ၈၀ တာဝန်မှ ရပ်ဆိုင်းခံရ

 ဧရာဝတီတိုင်း မအူပင်မြို့ရှိ   နည်းပညာတက္ကသိုလ်နဲ့ ကွန်ပျုတာတက္ကသိုလ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာ ဆရာမတွေအပါအဝင် ပညာရေးဝန်ထမ်း အယောက် ၈၀ ကို  အကြမ်းဖက် စစ်အုပ်စုက  တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ပါတယ်။

 မအူပင်နည်းပညာတက္ကသိုလ်မှာ  တာဝန်ထမ်းဆောင်နေသူတဲ့ ဆရာ ဆရာမနဲ့ ပညာရေးဝန်ထမ်း   ၄၉ ဦးကို စစ်ကောင်စီက တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း  မေလ ၆ ရက်နေ့မှာ စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနအောက်ရှိ အဆင့်မြင့်ပညာဦးစီးဌာနက ထုတ်ပြန်ပါတယ်။

တာဝန်မှယာယီရပ်ဆိုင်းခံရသူတွေအထဲမှာ ပါမောက္ခ၊ တွဲဘက်‌ပါမောက္ခ၊ ကထိက၊ လက်ထောက်ကထိက၊ သရုပ်ပြနဲ့ ဌာနမှူးတွေအပြင်  အကြီးတန်းစာရေးတွေလည်း ပါဝင်ပါတယ်။

“ဆရာမတစ်ယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကိုလုပ်ခဲ့တဲ့အတွက် ဒီစာက ကျမအတွက် ဂုဏ်ယူစရာပါ”လို့ တာဝန်မှ ယာယီရပ်ဆိုင်းခံရတဲ့ ဆရာမတစ်ဦးက ပြောပါတယ်။

အလားတူ မအူပင်ကွန်ပျုတာတက္ကသိုလ်က ပါမောက္ခအပါအဝင် ဆရာဆရာမ ၃၁ ဦးကိုလည်း  မေလ ၆ ရက် နေ့မှာ  တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း  ထုတ်ပြန်ခဲ့ပါတယ်။

တက္ကသိုလ်ဆရာဆရာမတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းကတည်းကစပြီး အကြမ်းမဖက် အာဏာဖီဆန် CDM လှုပ်ရှားမှုပြုလုပ်နေကြတာဖြစ်တယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular