Wednesday, May 31, 2023
HomeLead Storyမော်လမြိုင်လူငယ်များရဲ့ ပြောက်ကျားသပိတ်

မော်လမြိုင်လူငယ်များရဲ့ ပြောက်ကျားသပိတ်

မွန်ပြည်နယ်၊ မော်လမြိုင်လူငယ်တွေဟာ မေလ ၇ ရက် မနက်ပိုင်းက အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကို ပြောက်ကျားသပိတ် ပြုလုပ်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဆန္ဒထုတ်ဖော်ခဲ့တဲ့ လူငယ်တွေကတော့ အနာဂတ် မြန်မာနိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စုတည်ကြဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

မော်လမြိုင်မှာတော့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်နဲ့ ရဲတွေဟာ ဆန္ဒထုတ်ဖော်နေတဲ့ လူငယ်တွေ နေ့ရောညပါ ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်ပါတယ်။

တဘက်မှာတော့ အာဏာသိမ်း အကြမ်းဖက် စစ်‌ကောင်စီရဲ့ တပ်နဲ့ရဲတွေဟာ မြို့ပေါ်ရပ်ကွက်နေရာ အများစုမှာ ပိတ်ဆို့စစ်ဆေးတာတွေ ဆက်တိုက်လုပ်‌ဆောင်နေပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular