မော်ကျွန်းမြို့မစျေး မီးလောင်
DVB
·
May 5, 2021
ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့မှာ မေလ ၅ ရက် ည ၈ နာရီကျော်လောက်ကစတင်ပြီး မြို့မစျေးမီးလောင်နေတယ်လို့ဒေသခံတွေကပြောပါတယ်။
မီးလောင်တဲ့နေရာကို ခရိုင်မီးသတ်တပ်ဖွဲ့နဲ့ မြို့နယ်မီးသတ်တပ်ဖွဲ့က မီးသတ်ယာဥ်တွေရောက်ရှိနေပြီး ဒေသခံတွေနဲ့ ပူးပေါင်းမီးငြှိမ်းသတ်နေပေမယ့် မီးမထိန်းနိုင်သေးဘူးလို့ ဆိုပါတယ်။
လက်ရှိအခြေအနေအရ မီးလောင်မှုကြောင့် ဆိုင်ခန်း အနည်းဆုံး ၁၀ ခန်းကနေ ၁၅ ခန်းလောက် မီးလောင်တဲ့အထဲပါသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။