ဖားကန့်တွင် သေနတ်မှန်ကျဆုံးခဲ့သည့် ကိုဝေဖြိုး၏ အရိုးပြာကို ဂူသွင်းသင်္ဂြိုဟ်
DVB
·
May 5, 2021
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ ကိုဝေဖြိုးရဲ့ အရိုးပြာကို ဒီကနေ့ မေလ ၅ ရက်နေ့က ဂူသွင်းသင်္ဂြိုဟ်ခဲ့ပါတယ်။
မေလ ၂ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး လုံးခင်း၊ မှော်ဝမ်းသပိတ် စစ်ကြောင်းကို စစ်တပ်နဲ့ရဲက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့ရာမှာ ကိုဝေဖြိုး ဦးခေါင်းကျည်ထိမှန်သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ကိုဝေဖြိုး ရုပ်ကလာပ်ကို မေလ ၃ ရက်နေ့က မီးသင်္ဂြိုဟ်ခဲ့ပြီး ဒီကနေ့မှာ လူထောင်ချီပို့ဆောင်ကာ အရိုးပြာအိုးကို ဂူသွင်းခဲ့တာဖြစ်ပါတယ်။
Photo-CJ