Friday, June 9, 2023
HomeLead Storyကွတ်ခိုင်မြို့နယ်၌ စစ်ကောင်စီတပ်နှင့် TNLA၊ MNDAA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်

ကွတ်ခိုင်မြို့နယ်၌ စစ်ကောင်စီတပ်နှင့် TNLA၊ MNDAA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မန်ပန်ကျေးရွာအနီး  ဧပြီ ၅ မနက် ၁၁ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့  တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နဲ့ TNLA၊ MNDAA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

နှစ်ဖက်တွေ့ဆုံတိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တချို့ကြောင့် ဒေသခံရွာသားတွေရဲ့ နေအိမ်နဲ့ဆိုင်ခန်းတချို့ ထိမှန်ပျက်စီးသွားခဲ့ပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေတဲ့အတွက် ဒေသခံကျေးရွာသူ ကျေးရွာသားတွေအပြင် ခရီးသွားပြည်သူတွေ၊ ကုန်စည်ပို့ဆောင်နေတဲ့ ယာဉ်မောင်းတွေပါ ထိခိုက်မှာကို  စိုးရိမ်နေကြတာပါ။

“ညကလက်နက်ကြီး လက်နက်ငယ်တွေနဲ့ပစ်တာ ကျနော်တို့အနားမှာပဲ။ တိုက်ပွဲဖြစ်တော့ ကျနော်အမျိုးသမီးက မီးဖွားတာ ရက်ပိုင်းပဲရှိသေးတယ်။ အနီးကပ်ပစ်ခတ်နေတော့  စိုးရိမ်တာပေါ့။”လို့  မြို့ခံပြည်သူတစ်ဦးကပြောပါတယ်။

မေ ၄ ရက် နေ့လည်ပိုင်းကလည်း ပြည်ထောင်စုလမ်းမကြီးဘေး  ကွတ်ခိုင်မြို့နယ် မန်ပန်ကျေးရွာအနီး  တွေ့ဆုံဖြစ်ပွားခဲ့သလို ည ၇ နာရီလောက်မှာလည်း ကွတ်ခိုင်မြို့အဝင် တိုးဂိတ်အနီးမှာ နှစ်ဖက်တွေ့ဆုံ ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular