DVB Logo
Home
မြန်မာသတင်း
အခက်အခဲကြုံနေရသည့် အိမ်ထောင်စုများအတွက် “၅၀၀ ကျပ်ပဲလှူပါ”ကမ်ပိန်းစတင်
DVB
·
May 4, 2021
အခက်အခဲကြုံနေရသည့် အိမ်ထောင်စုများအတွက် “၅၀၀ ကျပ်ပဲလှူပါ”ကမ်ပိန်းစတင်
Donate to DVB

နိုင်ငံတော်အာဏာကို အကြမ်းဖက်စစ်အုပ်စုက မတရားသိမ်းယူထားတဲ့ကာလဟာ ၃ လကျော် ကြာမြင့်ခဲ့ချိန်မှာ အခက်အခဲတွေ ကြုံတွေ့နေရတဲ့ အိမ်ထောင်စုတွေအတွက် “၅၀၀ ကျပ်ပဲလှူပါ” ကမ်ပိန်းမှာ လှူဒါန်းနိုင်ဖို့ Heroes for Myanmar က ဖိတ်ခေါ်ထားပါတယ်။

ဒီကမ်ပိန်းမှာတော့ အိမ်ထောင်စုတွေအတွက် လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ဟင်းသီးဟင်းရွက်နဲ့ ဆေးဝါးစတာတွေကို လှူဒါန်းမှာဖြစ်ပြီး အလှူငွေကို KBZ Pay နဲ့ Wave Pay ၂ ခုကနေ လှူဒါန်းနိုင်မယ်လို့ ဆိုပါတယ်။

ပါဝင်လှူဒါန်းလိုသူတွေအနေနဲ့ ဒီကနေ့ကစတင်ကာ မေ ၆ ရက်နေ့ထိ လှူဒါန်း နိုင်မှာဖြစ်ကာ WavePay နဲ့ KBZ Pay မှာ Zero Balance ဖြစ်တဲ့အထိ လှူလို့ရပြီး KBZPay နဲ့ WavePay ထဲမှာပိုနေတဲ့ အကြွေတွေလည်း လှူလို့ရတယ်လို့ ဆိုပါတယ်။

လှူဒါန်းလိုသူတွေအနေနဲ့ KBZPay 09425313270 နဲ့  WavePay 09269843498 တွေ့ကို ဆက်သွယ်လှူဒါန်းရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်းမှာ လူဦးရေ ၃သန်းခွဲလောက်ဟာ လာမယ့် ၃ လကနေ ၆ လ လောက်အတွင်း အငတ်ဘေးနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် World Food Program က  သတိပေးထားပါတယ်။

ဖေဖော်ဝါရီလကုန်ပိုင်းကစလို့ အခြေခံစားသောက်ကုန် ဆန်နဲ့ဆီဈေးတွေဟာ မြင့် တက်လာခဲ့ပြီး စီးပွားရေးမြို့တော် ရန်ကုန်မှာတောင် အစားလျှော့စားနေရတာတွေ၊ အာ ဟာရရှိတဲ့အစားအစာ မစားနိုင်တာတွေ၊ အကြွေးတင်နေကြတာတွေ ဖြစ်ပေါ်နေပါတယ်။

လက်ရှိအခြေအနေမှာ ဘဏ်လုပ်ငန်းတွေလည်းရပ်ဆိုင်းနေပြီး ငွေအပေးအယူ မ လုပ်နိုင်တာတွေ၊ ဘဏ်က ငွေသားထုတ်ယူဖို့အခက်အတွေ ရင်ဆိုင်နေရသလို စက်ရုံအ လုပ်ရုံတွေပိတ်ထားရတဲ့အခြေအနေကြောင့် သွင်းကုန်ပို့ကုန်လုပ်ငန်း အတော်များများ လည်း ရပ်ဆိုင်းနေကြပါတယ်။

ကမ္ဘာ့ဘဏ်ကတော့ မြန်မာ့စီးပွားရေးဟာ ၂၀၂၁ခုနှစ်အတွင်းမှာ ၁၀ ရာခိုင်နှုန်းလောက် ကျဆင်းလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013