စစ်အာဏာရှင်အောက်မှာ တာဝန်ထမ်းဆောင်ဖို့ ဆန္ဒမရှိတဲ့ ပညာရေးဝန်ထမ်းတွေ CDM လုပ်သလို Students CDM ပြုလုပ်မယ်လို့ မြောင်းမြပညာရေးကောလိပ်ကျောင်းသားများက မေ ၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
“အကြမ်းဖက်စစ်ကောင်စီ ပြန်လည်ဖွင့်လှစ် မည့်သည် သင်တန်း ကျောင်းများ ကိုတက်ရောက်လိုစိတ်မရှိပါ။ ကျနော်တို့ ကျောင်းသားကျောင်းသူများသည် ကျောင်းထွက်ခြင်းမဟုတ်ဘဲ စစ်အာဏာရှင် စနစ်အောက်တွင် ပညာမဆည်းပူးလိုသဖြင့် ကျောင်းသို့ ပြန်မလာခြင်းသာဖြစ်သည့်အတွက် မည့်သည် ဖိအားမျိုးကိုမဆို ရင်ဆိုင်လိမ့်မည် မဟုတ်ပါ” ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်အာဏာရှင်တွေရဲ့ စေခိုင်းညွှန်ကြားမှုနဲ့ ပြန်လည်ဖွင့်လှစ်တဲ့ ကျောင်းသင်တန်းတွေဟာ ကျောင်းသား ကျောင်းသူတွေ ဘ၀လုံခြုံမှု အပြည့်အဝ မရှိတဲ့အတွက် အခုလို အခြေအနေမျိုးမှာ ကျောင်းကို ပြန်မလာတာလို့ ဆိုပါတယ်။