နိုင်ငံတော်ကို ၀န်ကြီးဌာနများ ပေးရမည့် ကြွေးကျန် ရအာင်တောင်းသင့်
DVB
·
November 8, 2013
ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ နဲ့ ၇ ရက်နေ့တွေမှာ ပြည်ထောင်စုစာရင်းစစ်ချုပ်ရဲ့ တွေ့ရှိချက်အရ သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးကနေ နိုင်ငံတော်ကို ပေးသွင်းရမယ့် ကြွေးကျန်စာရင်းတွေ ကိစ္စ ၀န်ကြီးဌာနအသီးသီးက လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
အချို့ဝန်ကြီးဌာနတွေကတော့ ပုဂ္ဂလိကတွေဆီမှာ ပြန်တောင်းရမှာ ဖြစ်ပြီး တရားစွဲပြီး ရအောင်တောင်းဖို့ စီစဉ်နေတယ်လို့ မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီးကလည်း ပြောပါတယ်။
ဒီ အကြွေးတွေကို အသေအချာ စိစစ်ပြီး ရအောင် ပြန်တောင်းသင့်ကြောင်း ပြည်သူ့လွှတ်တော်အမတ် ဦးရဲထွန်းက ဒီဗွီဘီကို ပြောပါတယ်။
Read more