Saturday, June 10, 2023
HomeLead Storyရေနံချောင်းတွင် ကျောင်းသား ၂ ဦးနှင့် ပြည်သူ ၁ ဦး ဖမ်းဆီးခံရ

ရေနံချောင်းတွင် ကျောင်းသား ၂ ဦးနှင့် ပြည်သူ ၁ ဦး ဖမ်းဆီးခံရ

ရေနံချောင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ အလုပ်အမှုဆောင် ၂ ဦးနဲ့ ပြည်သူ တစ်ဦးကို ဧပြီ ၃၀ ရက် ညနေ ၃ နာရီက အကြမ်းဖက်စစ်ကောင်စီက အတင်းအဓမ္မ ဖမ်းဆီးသွား တယ်လို့ သမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံရသူတွေကတော့ ကျောင်းသားများသမဂ္ဂ ဒုဥက္ကဋ္ဌ(၂) မဇွန်သင်းကြည်၊ ကျောင်းသားများသမဂ္ဂ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရာတာဝန်ခံ  မောင်ဖြိုးဝေသစ်နဲ့ အရပ်သားဒေသခံပြည်သူတစ်ဦးဖြစ်တဲ့  မမြင့်မြတ်သော်တို့ ဖြစ်တယ်လို့ သိရပါတယ်။

ရေနံချောင်းတက္ကသိုလ်ကျောင်းသား သမဂ္ဂအနေနဲ့ ဧပြီ ၂၂ ရက်က စစ်ကျွန်ပညာရေးစနစ်ကို သပိတ်မှောက်တဲ့အနေနဲ့ Studen’ts CDM လုပ်ဆောင်သွားမယ်လို့ ကြေညာထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular